Untitled-1 copy

စင်္ကာပူနိုင်ငံ၊ သစ္စာပါရမီကျောင်း မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲ (၁)
ကော့သောင်းမြို့ – မိုးကုတ်ဝိပဿနာဓမ္မရာဇာကမ္မဌာန်းကျောင်းတိုက်နှင့်
ရန်ကုန်မြို့ သာကေ ၁၀/မြောက် (ဓမ္မရက္ခိတ)သစ္စာပါရမီ ကျောင်း
တို့၏ ဆရာတော် ဒေါက်တာအရှင်ဇယတိဿ (သာသနဓဇဓမ္မစရိယ M.A,Ph.D ) ၏ သာသနာပြု ဘဝပုံရိပ်လွှာ

မွေးရပ်မြေဌာနေ ဇာတိမြေ
ဒေါက်တာအရှင်ဇယတိဿ သည် ကျောက်ဖြူမြို့နယ်၊ ဆင်ဘုတ်တိုက်နယ်၊ လူရှည်ရွာ ခမည်းတော် ဦးဘလှိုင်၊ မယ်တော် ဒေါ်ဖြူခိုင် တို့၏ စတုတ္ထမြောက် သားရတနာဖြစ်ပြီး ၁၃၂၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄) ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။

မြင့်မြတ်သာသနာဝင်ရောက်လာ
ဆရာတော်သည် အသက် (၁၃)နှစ်တွင် ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန ္တမာလာ မထေရ်မြတ်ကို ဥပဇ္ဖျယ်ပြု၍ ရှင်သာမဏေပြုကာ၊ ကျောက်ဖြူမြို့ ယပ်လှဲကျောင်းပရိယတ္တိစာသင်တိုက်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်၊ ရန်ကုန်မြို့ ကျောက်ကုန်းတောရမေဒိနီနှင့် မန္တလေးမစိုးရိမ်တိုက်ဟောင်း ဆရာတော်များထံတွင် ဆယ်နှစ်ကျော်ခန့် ပရိယတ္တိစာပေများကို သင်ကြားခဲ့သည်။
ငယ်,လတ်,ကြီး စာမေးပွဲများကို ပါဠိဘာသာဖြင့် အောင်မြင်၍ ၁၃၄၃-ခုနှစ် ရဟန်း (၂)ဝါအရတွင် သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။
 (Ph.D, M.A)-  အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ မဂဓ တက္ကသိုလ်မှ M.A(Buddhist Studies)ဘွဲ့ကို ၁၃၆၁-ခု(၁၉၉၉)ခုနှစ်တွင် လည်းကောင်း၊ Ph.D (Buddhist Studies)ဒေါက်တာဘွဲ့ကို ၁၃၆၇-ခု (၂၀၀၅) ခုနှစ်တွင်လည်းကောင်း ဖြေဆို  အောင်မြင်ရရှိတော်မူပါသည်။

ဘဝနှင့်သာသနာပုံရိပ်လွှာ
ဆရာတော်သည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နှင့်အိမ်မဲမြို့တို့၌ သင့်လျော်သည့်အချိန်တွင် အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း၊ မိုးကုတ်ဝိပဿနာ တရားစခန်းဖွင့်လှစ်ဟောကြားခြင်း၊ ညတရားပွဲများကို ဟောကြားချီးမြင့်ပေးခြင်း၊ ကော့သောင်းမြို့နယ် ပြည့်သူဆေးရုံကြီးတွင် ချို့တဲ့လူနာများအား ထောက်ပံ့ပေးခြင်း၊ မိမိမွေးဖွားရာတိုက်နယ်၌ ကျောင်းဟောင်း၊ သိမ်ဟောင်း၊ တံတားပျက်များကို ဦးဆောင်ပြုပြင်ပေးခြင်း၊ နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့သော ဧရာဝတီတိုင်းသို့ ကော့သောင်းမြို့နယ်၊ သံဃာများကိုယ်စား ဦးဆောင်သွားရောက်ကူညီလှူဒါန်းပေးခြင်းစသော အတ္တဟိတ၊ ပရဟိတ၊ ဓမ္မဟိတတို့ကို ယနေ့အထိ စိတ်ပါဝင်စားစွာဖြင့် ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၉ခု၊ ဇူလိုင်လမှ စတင်၍ စင်္ကာပူနိုင်ငံ Jurong East MRT အနီး သစ္စာပါရမီဓမ္မရာဇာ MEDITATION CENTRE ကို ထူထောင်လျက် တနင်္ဂနွေနေ့တိုင်း တနေ့တာ ဝိပဿနာတရားစခန်းပွဲ ဟောကြားချီးမြင့်ကာ သာသနာပြုလျက်ရှိသည်။ (၂၀၁၄) မေလမှ စတင်ကာ သစ္စာပါရမီ ဘုန်းတော်ကြီးကျောင်းအား 1 Mas Kunning Terrace , Singapore 126845 သို့ ပြောင်းရွှေးထားပါသည်

ထို့အတူပင် သစ္စာပါရမီဆရာတော်နှင့်အဖွဲ့သားများသည် ရန်ကုန်မြို့ သာကေ ၁၀/မြောက် (၃၄) မီနီဘတ်စ် ဂိတ် အနီးတွင် လူငယ်များအတွက် ဘဝတက်လမ်း အကျိုးဖြစ်ထွန်းစေမည့် သင်တန်းများ၊ ယောဂီများအတွက် ဘဝငြိမ်းချမ်း နိဗ္ဗာန်နန်းသို့ စံမြန်းစေနိုင်သော တရားစခန်းများဖွင့်လှစ်နိုင်ဖို့ရာ (ဓမ္မရက္ခိတ)သစ္စာပါရမီ ကျောင်းတစ်ကျောင်း တည်ဆောက်လျက်ရှိသည်။