ဒေါက်တာ နန္ဒမာလာဘိဝံသ , Dr Nandamalabhivamsa ရုပ်သံ MP4 ကြည့်ရှုနားဆင်ရန်။
ဒေါက်တာ နန္ဒမာလာဘိဝံသ , Dr Nandamalabhivamsa  MP3 နားဆင်ရန်။
ဒေါက်တာ နန္ဒမာလာဘိဝံသ , Dr Nandamalabhivamsa တရားစာအုပ်များ ဖတ်ရှုရန်
ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ  ၏ ထေရုပ္ပတ္တိ အကျဉ်း

 

  • ၁၃၀၁-ခုနှစ် တပေါင်းလပြည့်၊ 22nd March 1940 စနေနေ့တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊  ညောင်ပင်ရွာ ၊ခမည်းတော် ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှဖွားမြင်သည်။ ၁၃၀၅- 1944 ခုနှစ်၊ အသက်(၅)နှစ်သားအရွယ်တွင် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မူ ကျောင်းဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး)ထံတွင်  မြန်မာစာနှင့် ဗုဒ္ဓ္ဇစာပေများကို စတင်သင်ကြားခဲ့သည်။ ၁၃၁၁- 1949 ခုနှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ ဝိပဿနာဂန္ဓာရုံချောင်၌ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်. ၁၃၁၄- 1953 ခုနှစ်၊ အသက် (၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲ (၃)ဆင့် စတင်အောင်မြင်ခဲ့သည်။
  • ၁၃၁၇- 1956 ခုနှစ် အသက် (၁၆)နှစ်တွင် အစိုးရ ဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း (၂)ကျမ်းနှင့်တကွ အောင်မြင်၍ သာသနဓဇသီရိပဝရ ဓမ္မာစရိယ ဘွဲ့ရရှိခဲ့သည်။ ၁၃၁၉- 1957 ခုနှစ်၊ သာသနာလင်္ကာရသာမဏေကျော်ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၀- 1958 ခုနှစ်တွင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်ကို နောင်တော်များနှင့်အတူ တည်ထောင်ကာ ပဓာနစာချ၊ တိုက်ကြပ် အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၃၂၁- 1960 ခုနှစ် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္စုာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နောင်တော်ရင်းဖြစ်သော ဘဒ္ဒန္တနာရဒထံ၌ သဒ္ဒါ၊ သဂ`်ဟ၊ ပိဋက အခြေခံစာများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစာများသင်ယူခဲ့ပြီး၊ ဇယမေဒနီဝါဆိုကျောင်းဆရာတော် ဘဒ္ဒ န္တအဂိဃ္ဃယ (ယခု ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု)ထံ ဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစာများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်၌ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံ၌ သကျသီလ၊ စေတိယင်္ဂတန်းဆိုင်ရာကျမ်းစာများကို သင်ယူခဲ့သည်။ ရန်ကုန်မြို့၊ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋ္ဋက ပါဋ္ဌိ+မြန်မာ အဘိဓာန်ကျမ်းပြုအဖြစ်ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တဇနကာ ဘိဝံသထံတွင် အဂ`်လိပ်ဘာသာကို စတင်သင်ယူခဲ့သည်။ ၁၃၂၄- 1963 ခုနှစ်တွင် ရန်ကုန်စေတိယင်္ဂဏ အဘိဝံသဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၅- 1964 ခုနှစ်တွင် သာသနဓဇဓမ္မာစရိယ ဝိနယပါဋ္ဌိပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၅- 1964 ခုနှစ်တွင် မန္တလေး သကျသီလ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။ ၁၃၃၂- 1973 ခုနှစ်မှ စတင်၍ ကျမ်းစာများ ရေးသားပြုစုခဲ့ရာ အဂ`်လိပ်မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။  ၁၃၃၉- 1980 ခုနှစ်တွင် ပထမအကြိမ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွက် စစ်ကိုင်းသံဃာနယကအဖွဲ့(ရွှေကျင်)အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဓမ္မာစရိယစာမေးပွဲအကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် (ရွှေကျင်)အဖြစ်လည်းကောင်း၊ ပဌမပြန်စာမေးပွဲ ပြဌာန်းကျမ်းစာပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်းစည်းကမ်း ရေးဆွဲရေးအဖွဲ့ဝင်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ်၊ ပဌမပြန် စာမေးပွဲကျင်းပရေးအဖွဲ့ (စစ်ကိုင်း)၏ ပုစ္ဆာကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၃၄၇- 1986 ခုနှစ်တွင် အိန္ဒိယနိုင်ငံ အာသံနှင့် အရုဏပရာဒေ့ရ်ှမှ ရဟန်း၊ သာမဏေကျောင်းသားငယ်များအား မြန်မာစာနှင့် အဘိဓမ္မာတို့ကို ပို့ချပေးခဲ့သည်။ ၁၃၄၈- 1989 ခုနှစ်တွင် University of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၅၅- 1994 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မေရီလင်းပြည်နယ် ဆီလ်ဗားစပရင်းမြို့ မဂ`်လာရာမကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။ ၁၃၅၇- 1996 ခုနှစ်တွင် နိုင်ငံတော်မှ “အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတဘွဲ့ကို ဆက်ကပ်ခဲ့သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်ကာ၊ Department of Language Studies ၌ English Diploma တန်းနှင့် B.A တန်များ၌ ဆိုင်ရာဘာသာရပ်များကိုလည်းကောင်း၊ အမေရိက၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ်စသောနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများအား ပါဋ္ဌိဘာသာ အဘိဓမ္မာဘာသာရပ်များကိုလည်းကောင်း သင်ကြားပို့ချပေးခဲ့သည်။ ၁၃၅၈- 1999 ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်၏ သြဝါဒါစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပ ကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။ ၁၃၆၁- 2000 ခုနှစ်တွင် နိုင်ငံတော်မှ မဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၄- 2003 ခုနှစ်တွင် အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှ စတင်၍ ဂျာမနီ၊ နယ်သာလန်၊ သြစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးနိုင်ငံများသို့ နှစ်စဉ်မပြတ် ကြွရောက်၍ အဆိုပါနိုင်ငံများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေးလျက်ရှိသည်။
  • ၁၃၆၇- 2005 ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဒေါက်တာနန္ဒမာလာဘိဝံသသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံစာသင်တိုက်၌ စာသင်သား ၁၈၀ကျော်တို့အား ငယ်၊ လတ်၊ ကြီး စာဝါများ၊ ဓမ္မာစရိယစာဝါများ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ် တာဝန်ကိုထမ်းဆောင်ရင်း ဒီပလိုမာသင်တန်းများနှင့် B.A, M.A တန်းများ၌ စာပေပို့ချပေးတော်မှုရင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်နှင့် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပ္ပံပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း ပြည်တွင်း၌ တရားဓမ္မများ ဟောပြောကာ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက် ပဓာနနာယက ဆရာတော်အဖြစ် သာသနာပြုလျက်ရှိသည်။

ဓမ္မဆုံးမစာများ

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအာင် စိတ်ကိုထား၊
ဘုရားအဆူဆူ၊ မိန့်တော်မူ၊ အတူတူ ထိုတရား...

ဆက်လက်ဖတ်ရှုရန်

ဗုဒ္ဓဘာသာခြေခံ

*အမည်- (သိဒ္ဓတ္ထ) ဂေါတမ

*ခမည်းတော် – သုဒ္ဓေါဒန ဂေါတမ မင်းကြီး

*မယ်တော် – မိဖုရား မဟာ မာယာ (မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)

ဆက်လက်ဖတ်ရှုရန်

Thitsarparami App

သစ္စာပါရမီ Andorid App အသစ်အား Play Store အကောင့်မရှိသူများ ဒေါင်းလိုပါက အောက်ပါပုံအားနှိပ်ပါ