ယခုအခါ တရားတော်များကို လွယ်ကူစွာ ဒေါင်းလုပ်ပြုလုပ်ကာ နာယူနိုင်မည့် အောက်ပါ Application များအား
မိမိဖုန်း အမျိုးအစားအလိုက် ဒေါင်းလုပ်ဆွဲ၍ နာယူနိုင်ကြပြီဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
Application များ ဒေါင်းလုပ်ဆွဲရာနှင့် တရားတော်များ ဒေါင်းလုပ်ဆွဲရာတွင် အခက်အခဲ တစ်စုံတရာရှိပါက
ကိုဟိန်းလတ်မျိုး +95 9 797 436 739 နှင့် မသဇင်ထိုက် +65 9856 0989 တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ယခင် MP3 တရားတော်များအား ဒေါင်းလုပ်ဆွဲပုံ အဆင့်ဆင့်
Android ဖုန်း အသုံးပြုသူများအတွက် (၁)
၁။ Internet ဆိုသည့် icon လေးကို ဖွင့်ပြီး Address bar နေရာမှာ
www.thitsarparamisociety.com ကို ရိုက်ထည့်ပေးပါ
၂။ အဲ့ဒီနောက် Menu – ဓမ္မဥယျာဉ် – MP3 တရားတော်များကို နှိပ်ပါ
၃။ မိမိ ဒေါင်းလိုသော ဆရာတော် အား တချက် ထပ်နှိပ်ပေးပါ။ အဲ့ဒီနောက် တရားတော်များ ပေါ်လာပါမည်။
၄။ တရားခေါင်းစဉ်ပေါ်ကို တစ်ချက်ထိရုံဖြင့်
Choose an action ဆိုတဲ့ box တစ်ခု ကျလာပါမည်။
ထို box ထဲတွင် Android Systen ဆိုသည့်စာနှင့် Downloads ဆိုသည့် icon (၂)ခု တွေ့ရှိပါမည်။
၅။ Downloads ဆိုတာကို နှိပ်ရုံဖြင့် အလိုအလျှောက် download လုပ်ပြီးသား ဖြစ်သွားပါပြီ
၆။ အဲ့ဒီနောက်မှာတော့ ဒေါင်းလုပ်လုပ်ပြီးသားဖိုင်အား Application တွေ ထားရှိရာနေရာမှာ My File အနေဖြင့်သော်လည်းကောင်း ၊ Download ဆိုသည့် အနေဖြင့်လည်းကောင်း Folder တစ်ခု အတွင်းသို့ ဝင်ရောက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
————————————————————————————————————————————–
Android ဖုန်းအသုံးပြုသူများအတွက် (၂)
၁။ Chrome ဆိုသည့် icon လေးကို ဖွင့်ပြီး Address bar နေရာမှာ
www.thitsarparamisociety.com ကို ရိုက်ထည့်ပေးပါ
၂။ အဲ့ဒီနောက် Menu – ဓမ္မဥယျာဉ် – MP3 တရားတော်များကို နှိပ်ပါ
၃။ မိမိ ဒေါင်းလိုသော ဆရာတော် အား တချက် ထပ်နှိပ်ပေးပါ။ အဲ့ဒီနောက် တရားတော်များ ပေါ်လာပါမည်။
၄။ တရားခေါင်းစဉ်ပေါ်ကို တစ်ချက်ထိလိုက်လျှင် တိုက်ရိုက် play ပုံစံကို ရောက်သွားပါမည်။
၅။ ဒေါင်းလုပ် လုပ်လိုသည့်အတွက် တရားခေါင်းစဉ်ပေါ်တွင် ခပ်ကြာကြာလေး ဖိထားပေးပါခင်ဗျ။
၆။ ခပ်ကြာကြာ ဖိထားပေးချိန်မှာ အောက်ပါစာတန်းများ ပေါ်လာပါမည်
(၁) Open in new tab
(၂) Open in incognito tab
(၃) Copy Link address
(၄) Copy Link text
(၅) Save Link ဆိုပြီး ပေါ်လာပါမည်။
၇။ Save Link ကို နှိပ်ရုံဖြင့် အလိုအလျှောက် download လုပ်ပြီးသား ဖြစ်သွားပါြ့ပီ။
၈။ အဲ့ဒီနောက်မှာတော့ ဒေါင်းလုပ်လုပ်ပြီးသားဖိုင်အား Application တွေ ထားရှိရာနေရာမှာ My File အနေဖြင့်သော်လည်းကောင်း ၊ Download ဆိုသည့် အနေဖြင့်လည်းကောင်း Folder တစ်ခု အတွင်းသို့ ဝင်ရောက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
iPhone , iPad အသုံးပြုသူများအတွက်
၁။ မိမိရဲ့ဖုန်း(သို့) iPad မှာ iDownloads+ ဆိုသည့် Application မရှိလျှင် iDownloads+ ကို အရင် ဖုန်းထဲ ထည့်ပါမည်။
၂။ iDownloads+ ကိုဖွင့်ပြီးပါက Go to this address နေရာမှာ www.thitsarparamisociety.com ကို ရိုက်ပေးပါ။
၃။ အဲ့ဒီနောက် Menu – ဓမ္မဥယျာဉ် – MP3 တရားတော်များကို နှိပ်ပါ
၄။ မိမိ ဒေါင်းလိုသော ဆရာတော် အား တချက် ထပ်နှိပ်ပေးပါ
၅။ Block and Allow မေးလာပါက Allow ကို နှိပ်ပေးပါ ။ အဲ့ဒီနောက် တရားတော်များ ပေါ်လာပါမည်။
၆။ မိမိ ဒေါင်းလုပ် ဆွဲလိုသော တရားခေါင်းစဉ်ပေါ်တွင် ခပ်ကြာကြာလေး ဖိထားပေးပါ
၇။ Open , Copy, Share , Download, Download as, cancel လို့ ပေါ်လာပါမည်
၈။ Download as ကိုနှိပ်ပေးပါ ။
၉။ Name နေရာမှာ တရားခေါင်းစဉ် ရိုက်ထည့်ပေးပြီး ညာဘက် အပေါ်နားက Done ကို နှိပ်လိုက်လျှင် ရပါပြီ
၁၀။ အဲ့ဒီနောက် အောက်နားက Downloads နေရာမှာ (1) ဆိုတာလေး ပြနေပါမည်။ download ပြီးသွားရင်တော့ မပြတော့ပါဘူး
၁၁။ Downloads ပြီးသွားရင် အောက်နားမှာရှိတဲ့ File ကို နှိပ်လိုက်ပါ။ မိမိဒေါင်းလုပ်လုပ်ထားသော တရားတော်အား တွေ့မြင်ရမည် ဖြစ်ပါသည်။
—————————————————————————————————————————————
DESKTOP (PC)Mozilla Firefox အသုံးပြုသူများအတွက်
၁။ address bar မှာ www.thitsarparamisociety.com ကို ရိုက်ပေးပါ။
၂။ အဲ့ဒီနောက် ဓမ္မဥယျာဉ် – MP3 တရားတော်များကို နှိပ်ပါ
၃။ မိမိ ဒေါင်းလိုသော ဆရာတော် အား တချက် ထပ်နှိပ်ပေးပါ
၄။ အဲ့ဒီနောက် တရားတော်များ ပေါ်လာပါမည်။ ဒေါင်းလိုသော တရားတော်၏ အပေါ်တွင် Right Click နှိပ်၍ Save Link As ကို ရွေးပေးပါ။
၅။ Save Link as ကို နှိပ်ရုံဖြင့် Enter name of file to save to ဆိုတဲ့ box တစ်ခု ထပ်ကြလာပါမည်။
၆။ မိမိသိမ်းလိုသော နေရာကို ရွေးပြီး downloads လုပ် ရယူနိုင်ပါပြီ
—————————————————————————————————————————————
DESKTOP (PC)Internet Explorer အသုံးပြုသူများအတွက်
၁။ address bar မှာ www.thitsarparamisociety.com ကို ရိုက်ပေးပါ။
၂။ အဲ့ဒီနောက် ဓမ္မဥယျာဉ် – MP3 တရားတော်များကို နှိပ်ပါ
၃။ မိမိ ဒေါင်းလိုသော ဆရာတော် အား တချက် ထပ်နှိပ်ပေးပါ
၄။ အဲ့ဒီနောက် တရားတော်များ ပေါ်လာပါမည်။ ဒေါင်းလိုသော တရားတော်၏ အပေါ်တွင် Right Click နှိပ်၍ Save target as… ကို ရွေးပေးပါ။
၅။ Save target as… ကို နှိပ်ရုံဖြင့် Enter name of file to save to ဆိုတဲ့ box တစ်ခု ထပ်ကြလာပါမည်။
၆။ မိမိသိမ်းလိုသော နေရာကို ရွေးပြီး downloads လုပ် ရယူနိုင်ပါပြီခင်ဗျား ။။။